You can also download android application here.
Free Download ×

အသည်းကွဲတဲ့ဒဏ်ရာကို ဘယ်လိုကုစားမလဲ

အသည်းကွဲတဲ့ဒဏ်ရာကို ဘယ်လိုကုစားမလဲ

19 October, 2022

ကြယ်ပြာ

လောလောလတ်လတ် အသည်းကွဲထားတဲ့သူတွေ ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက တစ်စုံတရာ အထောက်အပံ့ဖြစ်စေမှာမို့ ဖတ်ကြည့်စေချင်ပါတယ်ရှင်။ ကိုယ်တန်ဖိုးထားချစ်မြတ်နိုးရသူနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့အခါ အနည်းနဲ့အများ ဝမ်းနည်းကြေကွဲကြရတာပါပဲ။ ကြေကွဲပုံနည်းလမ်းတွေကတော့ မတူနိုင်ဘူးပေါ့။ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို လမ်းခွဲခြင်းနဲ့ အဆုံးသတ်ရတဲ့အခါ ရရှိတဲ့နာကျင်မှုကို လူအတော်များများ ခံစားဖူးမှာပါ။ အသည်းကွဲခြင်းကို ပြန်လည်ကုစားတဲ့ နည်းလမ်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ လူတစ်ယောက်တည်းမှာတောင်မှ တစ်ခါမက အသည်းကွဲဖူးတဲ့သူဆိုရင် တစ်ခါနဲ့တစ်ခါ အသည်းကွဲတာကို ပြန်လည်ကုစားပုံခြင်း မတူနိုင်ပါဘူး။ သင်ဘယ်လောက်အချိန်အကြာကြီး အသည်းကွဲနေမလဲဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ အသည်းကွဲတဲ့ဒဏ်ရာကို ကုစားရင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးလေ့လာသိရှိနိုင်မယ့် အခွင့်အရေးရရှိစေဖို့ နည်းလမ်းတွေကိုတော့ ဗျို့ Lifestyle ကနေ ပြောပြပေးနိုင်ပါတယ်နော်။

 

- ကိုယ့်ရဲ့ခံစားချက်တွေကို ကန့်သတ်ပိတ်ပင်မထားပါနဲ့။

လမ်းခွဲလိုက်ရခြင်းဟာ အရှုံးတစ်ခုပဲလို့ မမြင်မိဖို့ ကြိုးစားပါ။ အဲဒီအစား ကိုယ့်ကို လက်ရှိအခြေအနေထက် တိုးတက်အောင်၊ သင်ယူနိုင်အောင် အခွင့်အရေးပေးတယ်လို့ တွေးပါ။ 

 

- ကိုယ့်ကိုယ်ကိုယ် အထူး ဂရုစိုက်ပါ။

စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဂရုစိုက်ပေးပါ။ အာဟာရညီမျှတဲ့အစားအစာ စားသုံးတာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းတွေ သိရှိတာ၊ ကိုယ်ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်ဖို့ အချိန်ပေးတာ စသဖြင့်ပေါ့။

 

- အတိတ်တွေထဲမှာပဲ ပိတ်မိမနေပါနဲ့။

တစ်ခါတရံ ကောင်းတဲ့အမှတ်တရတွေပဲဖြစ်ဖြစ်၊ ဆိုးရွားတဲ့အဖြစ်အပျက်တွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ထဲမှာ ထပ်ခါ ထပ်ခါ ပြန်ပြန်ပေါ်လာတတ်ပါတယ်။ အဲဒီအနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေဟာ အသည်းကွဲတဲ့ဒဏ်ရာကို ကုစားတဲ့နေရာမှာ နှောင့်နှေးစေပြီး ကိုယ့်ကိုလည်း အတော်လေး စိတ်သောကရောက်စေမှာ အမှန်ပါပဲ။ အတိတ်ကအကြောင်းအရာတွေကို ပြန်တွေးတိုင်းမှာ နာကျင်ရမှာ အသေအချာမို့ နာကျင်စရာတွေကို လွှတ်ချလိုက်ပါ။

 

- ကိုယ့်လိုအပ်ချက်တွေကို ပြန်အကဲဖြတ်ပါ။

ရိုမန်တစ်ဆန်တဲ့အချစ်ရေးမှာ ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ လိုချင်တာတွေက ဘာတွေလဲဆိုတာကို လမ်းခွဲပြီးတဲ့နောက်ပိုင်း စဉ်းစားကြည့်ဖို့ အချိန်ကောင်းပါပဲ။ “ချစ်ခင်နှစ်သက်ဖွယ်နဲ့ ရင့်ကျက်တဲ့ Relationship တစ်ခုကို မတည်ဆောက်နိုင်တဲ့သူတွေကို ငါရွေးချယ်မိခဲ့သလား။” “ဒီသူဟာ ပြောင်းလဲလာလိမ့်မယ်လို့ ငါမျှော်လင့်မိခဲ့တာလား၊ ဒါမှမဟုတ် ငါသူ့ကို ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်မိခဲ့တာလား။” စတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ နာကျင်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ရိုးသားစွာ ဖြေဆိုကြည့်ပါ။

 

- Relationship အသစ်တစ်ခုကို အလျင်စလို မတည်ဆောက်ပါနဲ့။

ရိုမန်တစ်ဆန်တဲ့ ချစ်သူအသစ်တစ်ယောက် ရှာဖွေတွေ့ရှိဖို့ အလျင်စလို ခံစားကောင်းခံစားရနေနိုင်ပါတယ်။ လောလောလတ်လတ် အဆုံးသတ်ထားတဲ့ Relationship ကနေ အချိန်ယူပြီး သင်ခန်းစာမယူဘဲ အလျင်စလို အသစ်ထပ်တွဲမိတဲ့အခါ ပြီးခဲ့တဲ့လမ်းခွဲခြင်းကလို ပုံစံမျိုးတွေ၊ တူညီတဲ့ အမှားမျိုးတွေကို Relationship အသစ်မှာလည်း ပြန်လည်ကြုံတွေနိုင်ပါတယ်။

 

- Single ဖြစ်သွားလို့ စိတ်မညစ်ပါနဲ့။

နှစ်ယောက်အတူရှိနေခဲ့တဲ့ အခြေအနေကနေ တစ်ယောက်တည်းဖြစ်သွားပြီဆိုတဲ့ ခံစားချက်က တစ်ခါတရံမှာ အတော်လေးခက်ခဲစေမှာပါ။ အထူးသဖြင့် ချစ်သူသက်တမ်းကြာမြင့်တဲ့ Relationship တစ်ခု အဆုံးသတ်လိုက်ရဲ့ အခါမျိုးမှာပေါ့။ Single ဖြစ်သွားပြီဆိုတဲ့ ခံစားချက်တွေနဲ့ တစ်ယောက်တည်းရုန်းကန်နေရတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးဟာ ကိုယ်ဘယ်သူလဲဆိုတာကနေပဲ လာတယ်ဆိုတာ သတိရပါ။ ကိုယ်နဲ့အတူရှိနေတဲ့သူဆီက လာတာမဟုတ်ပါဘူး။ Friday Night မှာ အိမ်မှာ စာအုပ်ကောင်းတစ်အုပ် ဖတ်ချင်ဖတ်နေမယ်၊ ဒါမှမဟုတ် Night out ထွက်ချင်တယ်ဆိုလည်း သူငယ်ချင်းတစ်ယောက်ယောက်ကို အဖော်လိုက်ခဲ့ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

- ခွင့်လွှတ်ပေးတတ်ပါစေ။

ရည်းစားဟောင်းကို ခွင့်လွှတ်ပေးဖို့ဆိုတာဟာ ပြောသလောက်မလွယ်ကူသလို အချိန်ဘယ်လောက် ယူမလဲဆိုတာလည်း မပြောနိုင်ပါဘူး။ အထူးသဖြင့် ကိုယ်က သစ္စာဖောက်ခံရတာ၊ နာကျင်ခံစားခဲ့ရတာမျိုးဆိုရင်ပေါ့။ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ပေးတယ်ဆိုတာ သူတို့ ကိုယ့်အပေါ် နာကျင်စေခဲ့တဲ့ အပြုအမူတွေ၊ လုပ်ဆောင်မှုတွေကို လျစ်လျူရှုပေးလိုက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ အမှတ်ရဖို့ အရေးကြီးပါတယ်။ အမှန်တကယ်တော့ ခွင့်လွှတ်ပေးတယ်ဆိုတဲ့ အပြုအမူဟာ အခြားသူတစ်ယောက်အတွက် ဒီလောက်မဟုတ်ပါဘူး။ ခွင့်လွှတ်ပေးလိုက်ပြီဆိုတဲ့ အနေအထားကို ရောက်တဲ့အခါ ကိုယ့်ရဲ့အချိန်တွေ၊ စွမ်းအင်တွေကို အခြားသူတစ်ယောက်အတွက် ရင်းနှီးမြှုပ်နှံတာ ရပ်တန့်လိုက်ဖို့နဲ့ ကိုယ့်အတွက် အကျိုးမဖြစ်ထွန်းစေတဲ့ အခြေအနေကို အဆုံးသတ်လိုက်ဖို့ ခွင့်ပြုပေးလိုက်တာပါပဲ။ အသည်းကွဲတဲ့ဒဏ်ရာကို ကုစားပြီး ရှေ့ဆက်ဖို့ လှမ်းဖို့ရာမှာ နောက်ထပ် ခွင့်လွှတ်ပေးဖို့ သူတစ်ယောက် ကျန်ပါသေးတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်ပါတယ်။ အတိတ်ကို ပြောင်းလဲပစ်လို့ မရပါဘူး။ ဒါပေမဲ့ အတိတ်ရဲ့အဖြစ်အပျက်တွေကနေ သင်ခန်းစာ ယူနိုင်ပါတယ်။ Single ပဲဖြစ်ဖြစ်၊ In a Relationship ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အပြုအမူတွေကို ပြောင်းလဲပြုပြင်လို့ရနိုင်သလို အမှားတွေ နောက်ထပ် ထပ်မလုပ်မိအောင် ကာကွယ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ ခွင့်ပြုမယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီး ချစ်တတ်လာအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။

အသည်းကွဲတဲ့ဒဏ်ရာ အမြန်ဆုံး ပျောက်ကင်းပါစေကြောင်း…။                                                                                                                    

- သစ်ရွက်


Comment Loading....