You can also download android application here.
Free Download ×

ခါးပတ်မဝယ်ခင် စဉ်းစားသင့်တာတွေ

ခါးပတ်မဝယ်ခင် စဉ်းစားသင့်တာတွေ

19 March, 2020

Audrey

ခါးပတ်ဝယ်ရင် တခြားအဆင်တန်ဆာတွေ ဝယ်တုန်းကလောက် စဉ်းစားရွေးချယ်တာမျိုး ပြုလုပ်မိကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ခါးပတ်တစ်ခု ဝယ်ယူတော့မယ်ဆိုရင် စဉ်းစားဖို့ လိုအပ်တဲ့အချက်လေးတွေ ရှိပါတယ်။  

 

၁။ အရှည်

ခါးပတ်တစ်ခုရဲ့အရှည်က အရေးအကြီးဆုံးပါ။ အခြေခံစံနှုန်းအနေနဲ့ ကိုယ့်ခါးဆိုဒ်ထက် တစ်ဆိုဒ်ကြီးတဲ့ခါးပတ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တချို့ကတော့ နှစ်ဆိုဒ် ဒါမှမဟုတ် သုံးဆိုဒ်ကြီးတာကို ရွေးတတ်ကြပါတယ်။ ဒါဟာလည်း ခါးပတ်ဝတ်ဆင်ပြီးတဲ့အခါ ခါးပတ်ခေါင်းရဲ့အနောက်က ထွက်နေတဲ့ ခါးပတ်ပြားအရှည်၊ အတိုကို ဘယ်နေရာအထိ လိုချင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဘောင်းဘီနဲ့ ဝတ်တဲ့အခါ ခါးပတ်ကြိုး ရှည်လွန်းနေရင် ဘယ်လိုမှ ကြည့်ကောင်းနိုင်မှာ မဟုတ်တာကို သတိပြုရပါမယ်။

 

၂။ ခါးပတ်ပြားအကျယ်

ခါးပတ်ပြားအကျယ်ဟာ ကိုယ်ဝတ်မယ့် အဝတ်အစားမှာ ပါရှိတဲ့ ခါးပတ်ကွင်းရဲ့အကျယ်ထက် အနည်းငယ် ပိုသေးတာကသာ အမှန်ဆုံး ဖြစ်ပါတယ်။ ခါးပတ်ပြားက ကွင်းထက် သေးလွန်းနေရင် လုံးဝ ကြည့်မကောင်းပါဘူး။ သာမန် ထသွားထလာဆို ကိစ္စမရှိပေမယ့် Formal ဝတ်ဆင်ရမယ့်အချိန်အခါတွေမှာ ခါးပတ်ကွင်းနဲ့ ခါးပတ်ပြားအနေအထားကို သတိထားရွေးချယ်ပါ။

 

၃။ ခါးပတ်ခေါင်း

ခါးပတ်ဝယ်တဲ့အခါ အဓိက ရွေးမိတာက ခါးပတ်ခေါင်းပုံစံ ဖြစ်ပါလိမ့်မယ်။ ခါးပတ်ခေါင်းကြီးလေလေ Formal မဆန်လေလေပါ။ ပုံမှန် ဝတ်စားဆင်ယင်မှုမျိုးနဲ့ဆိုရင် ခါးပတ်ခေါင်းအရောင်က ရွှေရောင် ဒါမှမဟုတ် ငွေရောင်တွေပဲ ဆိုပေမယ့် Formal ဝတ်တဲ့အခါ လက်ကြယ်သီးနဲ့ ခါးပတ်ခေါင်းနဲ့ အရောင်ဆင်တူ ဖြစ်ကိုဖြစ်ရပါမယ်။

 

၄။ အရောင်

အဝတ်အစားနဲ့ ခါးပတ်အရောင်တူဖို့ထက် ဖိနပ်နဲ့ ခါးပတ် အရောင်တူဖို့ဟာ Formal ဝတ်စားဆင်ယင်မှုမှာ ပိုအရေးကြီးတယ်ဆိုတာ သိထားဖို့ လိုပါတယ်။


Comment Loading....