You can also download android application here.
Free Download ×

တီရှပ်အပွကြီးတွေကို ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ

တီရှပ်အပွကြီးတွေကို ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ

18 December, 2019

Audrey

မိန်းကလေးတွေ သဘောကျတဲ့ ဖက်ရှင်တွေထဲမှာ အရမ်းပွလွန်းတဲ့ Oversized အင်္ကျီတွေလည်း ပါဝင်ပါတယ်။ မိန်းကလေးတော်တော်များများက သူတို့ချစ်သူရဲ့အင်္ကျီတွေ ဝတ်ရတာကို ကြိုက်တတ်ကြပြီး ယူဝတ်တတ်ကြပါတယ်။ ကိုယ်တိုင်လည်း ရှပ်အပွကြီးတွေ ဝယ်ထားကာ ပေါ့ပေါ့ပါးပါး ဝတ်တတ်ကြပါသေးတယ်။ ဒီတော့ ရှပ်အပွတွေဝတ်တဲ့အခါ ဘယ်လိုတွေ တွဲဝတ်ရင် ဖက်ရှင်ကျကျ လှပနေမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

 

ရှပ်အပွတွေကို ဘောင်းဘီအတို၊ အရှည်၊ စကတ်တွေထဲ ထည့်ဝတ်တာမျိုးက တကယ်ကို ကြည့်ကောင်းတဲ့ ပုံစံတစ်ခုဖြစ်သလို မိန်းကလေးတွေလည်း အများအားဖြင့် ဝတ်လေ့ရှိကြတဲ့ပုံစံမျိုးပါ။ ဂရုစိုက်ရမှာက တီရှပ်ဟာ အပွဖြစ်တဲ့အတွက် ဘောင်းဘီတွေ၊ စကတ်တွေကို အကျပ်ပဲ ဝတ်ရမယ်ဆိုတာပါ။

 

နောက်ထပ်နည်းတစ်မျိုးကတော့ တီရှပ်အနားကို ထုံးပြီး ဝတ်တဲ့ပုံစံပါ။ ထုံးလိုက်တဲ့အခါမှာ တီရှပ်က အရမ်းမပွတော့ဘဲ ပိုပြီးကြည့်ကောင်းသွားစေပါတယ်။ တီရှပ်အင်္ကျီပွပွကို ဂျင်းနဲ့တွဲဝတ်လိုက်ရင် မော်ဒယ်လ်တစ်ယောက်လို လှပသွားမှာ ဖြစ်ပါတယ်။

 

ရှပ်အပွတွေကို ပခုံးကျအင်္ကျီအဖြစ် စတိုင်ပြောင်းပြီးတော့လည်း ဝတ်လို့ ရပါသေးတယ်။ ပခုံးတစ်ဖက်ကို နည်းနည်းလောက် ဝိုက်ညှပ်ပြီး ပြန်ချုပ်လိုက်ရုံနဲ့ အင်္ကျီအသစ်တစ်ထည်ရရှိမှာဖြစ်တဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ အသွင်ကိုလည်း ရရှိစေပါတယ်။                                                                                                                                                                                                                                                                                                                                                                                      Oversized Shirt တွေကို နောက်ထပ်ပြောင်းလို့ရတဲ့ပုံစံတစ်ခုကတော့ Muscle Shirt ပုံစံပါ။ နွေရာသီအတွက် ပေါ့ပါးလွတ်လပ်စေတဲ့အင်္ကျီလေးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အတွင်းခံအလှလေးနဲ့ ဝတ်မယ်ဆိုရင် ဆက်စီကျကျလေးနဲ့ ကြည့်ကောင်းနေမှာ အမှန်ပါ။

 

Oversized Shirt တွေနဲ့ သေချာပေါက် ဖက်ရှင်ကျချင်ရင် အောက်ပိုင်းကို အကျပ်တွေပဲ ဝတ်ပါ။ Legging တွေ၊ Stocking တွေကို ရွေးချယ်ဝတ်ဆင်ပါ။ ပြည့်စုံတဲ့လှပမှုအတွက်ဆိုရင်တော့ Accessory လေးတွေကိုပါ ဆင်မြန်းလိုက်နော်။


Comment Loading....