အဆီဖုသေးသေးလေးတွေကို ဘယ်လိုဖယ်ရှားမလဲ
08 November, 2019
Flynn
အဆီဖုသေးသေးလေးတွေက ဝက်ခြံဖုတွေလို မနာတဲ့အပြင် ရောင်ရမ်းတာမျိုးလည်း မရှိပါဘူး။ သူတို့ကို Clogged Pore လို့ခေါ်ပါတယ်။ အဆီဖုတွေက တစ်ဖုတည်း ပေါက်တာ ရှားပါတယ်။ မျက်နှာပေါ်မှာ အစုလိုက်၊ အပြုံလိုက် ပေါက်တတ်ပြီး နဖူးတစ်ဝိုက်မှာ အများဆုံးပေါက်တတ်ပါတယ်။ အဆီဖုတွေကြောင့် မိတ်ကပ်လိမ်းရတာလည်း အဆင်မပြေ၊ ယုံကြည်မှုနည်းနေတဲ့ပျိုမေတွေအတွက် အဆီဖုလေးတွေကို ဖယ်ရှားနိုင်မယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ရေနွေးငွေ့နဲ့ ပေါင်းခံပေးပါ။
ဇလုံတစ်လုံးထဲသို့ ရေနွေးထည့်ပြီး အနည်းငယ် စောင့်ပေးပါ။ ရေနွေး အရမ်း ပူနေမယ်ဆိုရင် သင့်မျက်နှာကို အပူဟပ်ပြီး အပူလောင်သွားနိုင်ပါတယ်။ ပြီးပါက မျက်နှာကို ဇလုံနား ကပ်ထားပါ။ မျက်နှာပေါ်မှာ ချွေးစို့လာတဲ့အထိ ဆယ်မိနစ်လောက် ပေါင်းခံပေးပါ။ ပြီးပါက တဘက်သန့်သန့်နဲ့ အသာအယာလေး သုတ်ပေးပါ။ တစ်ပတ်ကို သုံးကြိမ်လောက်အထိ ပြုလုပ်နိုင်ပါတယ်။
၂။ သံပယိုသီး
ခွက်တစ်ခုထဲသို့ သံပယိုသီးကို အရည်ညှစ်ထည့်ပေးပါ။ အဲဒီအရည်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ဆယ်မိနစ်လောက် ထားပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးပါ။ ဒီနည်းလေးကိုတော့ တစ်ပတ်မှာ တစ်ရက်လောက်ပဲ အသုံးပြုပါ။ ခဏခဏ လုပ်မယ်ဆိုရင် မျက်နှာအသားအရေ ခြောက်စေနိုင်ပါတယ်။
၃။ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို ညတိုင်း မျက်နှာပေါ်မှာ လိမ်းအိပ်ပေးပါ။ အချိန်ကြာလာတာနဲ့အမျှ အဆီဖုလေးတွေ ပါးလာပြီး ပျောက်ကင်းသွားပါလိမ့်မယ်။