You can also download android application here.
Free Download ×

ရင်သားပြားချပ်ချပ် မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်က ဘာတွေဖြစ်မလဲ

ရင်သားပြားချပ်ချပ် မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်က ဘာတွေဖြစ်မလဲ

03 November, 2019

Audrey

            အခုခေတ်မှာ အကိတ်တွေ Hot နေတယ်ဆိုပေမယ့် ရင်သားပြားချပ်ချပ် Flat လေးတွေကလည်း အရမ်းအထာကျတယ်ဆိုတာ ငြင်းမရပါဘူး။ အထာကျကျ  Flat လေးတွေနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်က ဘယ်လိုပုံစံတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

 

၁။ အဖြူရောင်ရှပ်အင်္ကျီ

            ရင်ဘတ်ဟိုက်ဟိုက် အဖြူရောင် ရှပ်အင်္ကျီကို ကြယ်သီးတွေ ဖြုတ်ပြီး ဝတ်တာက တကယ်ကို အထာအကျဆုံး စတိုင်လ်တစ်ခုပါ။

 

၂။ ဇာအတွင်းခံ

            အမျိုးသမီးတစ်ယောက်ရဲ့အလှအပကို ညွှန်းဆိုတဲ့အခါ ရင်သားတစ်စုံကလည်း အပါအဝင် ဖြစ်တာမို့ Bralette လို့ခေါ်တဲ့ ဇာအတွင်းခံ အလှလေးတွေက Flat လေးတွေရဲ့ အလှတရားကို ဖော်ပြဖို့ အကောင်းဆုံးအရာတွေထဲက တစ်ခုပါ။ အင်္ကျီအပါးလေးတွေ အောက်ကနေ Bralette လေး ဝတ်ထားတာမျိုးနဲ့ ကုတ်အင်္ကျီအောက်ကနေ Bralette လေး ဝတ်ထားတာမျိုးတွေက အရမ်းကြည့်လို့ ကောင်းပါတယ်။

 

၃။ စာတန်းပါတဲ့ တီရှပ်တွေ

            Flat Girl တွေ ရွေးချယ်ဝတ်ဆင်သင့်တဲ့အထဲမှာ စာတန်းပါတဲ့တီရှပ်တွေလည်း ပါဝင်ပါတယ်။ စာသားကို ရှင်းရှင်းလင်းလင်းနဲ့ သေသေချာချာ မြင်သာစေတာကြောင့် ပြောချင်တာကို ပိုပြီး ထိရောက်စေပါတယ်။

 

၄။ ကျောပြောင်ဝတ်စုံတွေ

            Flat တွေကတော့ ဘရာမဝတ်ထားလည်း ရတယ်ဆိုတော့ ကျောပြင်မှာ ဘရာကြိုးတွေ ပေါ်နေမှာ စိုးရိမ်စရာ မလိုပါဘူး။ ဒါကြောင့်လည်း Flat လေးတွေ ကျောပြောင်ဝတ်စုံ ဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိပြီး  အလိုက်ဖက်ဆုံး ဖြစ်နေတာပါ။

 

၅။ Accessory

            Flat Girl လေးတွေဟာ လည်ပင်းတစ်ဝိုက်မှာ ဝတ်ဆင်ရတဲ့ အဆင်တန်ဆာလေးတွေနဲ့ သိပ်ကို လိုက်ဖက်ပါတယ်။ ဆွဲကြိုးအရှည်တွေ ဆွဲတဲ့အခါ ရင်သားကြားမှာ ကြိုးဝင်နေတာတွေ ဖြစ်မှာ မပူရပါဘူး။ ဒါကြောင့် ရှင်းရှင်းလင်းလင်းနဲ့ ပေါ်လွင်လှပစေတဲ့ Accessory လေးတွေကို ဝတ်ဆင်သင့်ပါတယ်။


Comment Loading....