You can also download android application here.
Free Download ×

အသင့်စား ခေါက်ဆွဲခြောက်တွေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတာလဲ

အသင့်စား ခေါက်ဆွဲခြောက်တွေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတာလဲ

13 December, 2019

Audrey

အသင့်စားခေါက်ဆွဲခြောက်တွေဟာ ဘာအာဟာရဓာတ်မှ မပါဝင်တာကြောင့် စားသုံးဖို့ မသင့်တဲ့ အစားအစာတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။ ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေလို့ မစားသုံးသင့်လဲဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

 

၁။ အစာခြေစနစ်ကို ထိခိုက်နိုင်ခြင်း

ခန္ဓာကိုယ်ထဲမှာ ကောင်းမွန်တဲ့အစာခြေစနစ်ဖြစ်ဖို့အတွက် အာဟာရဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ပြည့်စုံစွာ ရှိနေဖို့ လိုပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေမှာ အာဟာရဓာတ် မပါဝင်တာကြောင့် အစာခြေစနစ်ကို ထိခိုက်စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်း စတဲ့ ဝေဒနာတွေ ခံစားရစေပါတယ်။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဝေဒနာတွေပါ ခံစားရနိုင်ပါတယ်။

 

၂။ အသည်းနဲ့ ကျောက်ကပ်ကို ပျက်စီးစေခြင်း

အသင့်စားခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ ပရိုပလင်ဂလိုင်ကိုကွန်ပေါင်းဓာတ်ဟာ အသည်းနဲ့ ကျောက်ကပ်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

 

၃။ ကိုယ်ဝန်ပျက်ကျစေခြင်း

ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေဟာ အသင့်စား ခေါက်ဆွဲခြောက်တွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ ကြာရှည်ခံပစ္စည်းတွေဟာ ကိုယ်ဝန်ပျက်ကျတဲ့အထိ ထိခိုက်စေနိုင်ပါတယ်။

 

၄။ ခေါင်းကိုက်ခြင်း

အသင့်စားခေါက်ဆွဲတွေမှာ MSG လို့ ခေါ်တဲ့ မိုနိုဆိုဒီယမ်ဂလူတာမိတ် အမှုန့်တွေ ပါဝင်ပါတယ်။ အဲဒီအမှုန့်တွေဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေပြီး ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရစေပါတယ်။

 

၅။ ဆီးချိုဖြစ်စေခြင်း

အသင့်စားခေါက်ဆွဲမှာ ပါဝင်တဲ့ အမွှေးအကြိုင်အမှုန့်တွေ၊ ဟင်းခတ်မှုန့်တွေဟာ သကြားဓာတ်ပမာဏ လွန်ကဲလွန်းတဲ့အတွက် ဆီးချိုရောဂါ ဖြစ်စေနိုင်ပါတယ်။

 

၆။ အမျိုးသမီးဟော်မုန်းဓာတ်တွေကို ထိခိုက်စေခြင်း

အမျိုးသမီးတွေမှာ လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေကို အသင့်စားခေါက်ဆွဲတွေမှာ ပါဝင်တဲ့ ဆိုဒီယမ်က ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အသင့်စားခေါက်ဆွဲတွေကို မကြာခဏ မစားသင့်ပါဘူး။

 

၇။ အမျိုးသားရာဂစိတ် လျော့နည်းစေခြင်း

အသင့်စားခေါက်ဆွဲတွေမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ယောကျာ်းလေးတွေကို လိင်စိတ်ထိန်းချုပ်နိုင်စွမ်း လျော့နည်းစေပြီး စိတ်ဖိစီးတွေ ပိုများလာစေပါတယ်။

 

၈။ နှလုံးရောဂါဖြစ်စေခြင်း

ဘာအာဟာရဓာတ်မှ မပါဝင်တဲ့ အသင့်စားခေါက်ဆွဲတွေက နှလုံးရောဂါနဲ့ တခြားသော ဆက်စပ်ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။         

  

၉။ ကင်ဆာရောဂါဖြစ်စေခြင်း

ကင်ဆာဆိုတာ အရွယ်မရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်ခုပါ။ အထူးသဖြင့် အသင့်စားခေါက်ဆွဲတွေမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေကို အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။                                                       

 


Comment Loading....